ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီအရေးအတွက် ကျားမင်းပါတီ ပူးပေါင်းပါဝင်ဆောင်ရွက်မည်

“ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ ဟူသည် ဒေသနှင့်လူမျိုးရေး အတူနေ တိုင်းရင်းသားများအရေး အတွက် ရှေ့ထွက်ရပ်တည်ပေးသော ပါတီဖြစ်သည်”

အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ မှ ဦးဆောင်ကျင်းပသော PEACE FORUM 2025 သို့ စစ်ကိုင်းတိုင်းဒေသကြီးအခြေပြု ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ S.S.P မှ ပါတီဒုဥက္ကဌ ဦးစိုင်းလှိုင်ငြိမ်းတက်ရောက်ကာ(26.6.2025)ရက်နေ့၌ ကျင်းပသော “ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံတော်၏ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲအရေးပါမှု၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်ဖော်ဆောင်နိုင်ရေး”အတွက် ဆောင်ရွက်သင့်သောအစီအမံများ ခေါင်းစဉ်ဖြင့်ဆွေးနွေးကြရာ ပါတီဒုဥက္ကဌမှ ဒေသတွင်း ပြည်သူလူထု၏ ခက်ခဲနေသောအရာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ၊ လူသုံးကုန်စားသောက်ကုန်များ အဆမတန်ဈေးကြီးမြင့်ခြင်း၊ စစ်ဘေးရှောင်များပြားလာခြင်းနှင့် မတရားဖမ်းဆီးရိုက်နက်သတ်ဖြတ်ခံရခြင်းများစသည့် ဒေသတွင်းဖြစ်ပျက်မှုအခြေအနေများကို တင်ပြဆွေးနွေးကာ ၎င်းအခက်အခဲများကို ဖြေလျော့နိုင်ရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်-

၁။ NCA လက်မှတ်ထိုးပီးသော EAOs အဖွဲ့ ၊ မထိုးရသေးသော EAOs အဖွဲ့များနှင့် အမြန်ဆုံးတွေ့ဆုံကာ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ပြီး ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်လေးစားမှုပေး ဆောင်ရွက်ရန်၊

၂။ ချင်းတွင်းအထက်ပိုင်းသို့လွယ်ကူစွာ သွားလာသယ်ယူပို့ဆောင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်၊

၃။ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုဘဝ စိန်ခေါ်မှုများကို ကူညီပံပိုးဖြေရှင်းပေးနိုင်ရေး၊

၄။ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊ သတင်းမီဒီယာကဏ္ဍ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး၊ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဉပဒေ၊မဲပေးစနစ်၊မဲဆန္ဒနယ်သတ်မှတ်ခြင်း နှင့် တရားမျှတရေး များကို တင်ပြဆွေးနွေးခဲ့ပါသည်။

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်ပေါင်းစပ်ခြင်းမှ အေးချမ်းသာယာဝပြောသည့်နိုင်ငံတော်သစ်ဆီသို့”

Scroll to Top